အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပ

2016-10-12 16:00:41 |သတင်းအရင်းအမြစ် 国际在线

အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ အဖွဲ့ဝင် ၃၄ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ယင်းအစည်းအဝေးကို ဦးစီးကျင်းပပြီး မိန့်ခွန်းပြောကြားကြောင်း၊ တရုတ်နိုင်ငံ ဒုဥက္ကဋ္ဌ လီယွမ်ချောသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ကာ "အာရှ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ တွန်းအားပေးပြီး အာရှ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ကြပါစို့" ဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။