၂၀၁၆ခုနှစ် တရုတ်-ထိုင်း စီးပွားရေးဖိုရမ် ကျင်းပ

2016-10-12 16:01:54 |သတင်းအရင်းအမြစ် 国际在线

တရုတ် စက်မှုကုန်သွယ်ရေးဘဏ်နှင့် ထိုင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကော်မတီတို့ ပူးတွဲကျင်းပသော ၂၀၁၆ခုနှစ် တရုတ်-ထိုင်း စီးပွားရေးဖိုရမ်ကို ၁၀ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ဖွင့်လှစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် စုံကီ၊ တရုတ် စက်မှုကုန်သွယ်ရေးဘဏ် Chief Supervisor ချမ်းဝင်းဝှေး၊ ထိုင်းစက်မှုလုပ်ငန်းဝန်ကြီး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အရှေ့ပိုင်း စီးပွားရေးစင်္ကြန် ဖွံ့ဖြိုးမှု ကြီးကြပ်စစ်ဆေးရေး ကော်မတီမှ အစိုးရအရာရှိများနှင့် တရုတ်၊ ထိုင်း လုပ်ငန်းရှင် ၁၀၀ကျော်တို့သည် ယင်း ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။