ရှီကျင့်ဖိန်၏ ခရီးစဉ် ကမ္ဘောဒီးယား အလွှာပေါင်းစုံ စောင့်မျှော်

2016-10-12 16:03:45 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လက ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်တွင် အလည်အပတ် ရောက်ရှိလာသော ကမ္ဘောဒီးယား ဘုရင် စီဟာမိုနီနှင့် တွေ့ဆုံဆွေးနွေးရာ တရုတ်-ကမ္ဘောဒီးယား ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု အဆက် မပြတ်တိုးတက်ရန် လက်တွဲ တွန်းအားပေးခြင်းနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ယခုအကြိမ် လှည့်လည်တော့မည့် ကမ္ဘောဒီးယား ခရီးစဉ် သည် တဖန်ပြန်လည်သွားရောက် ခရီးလှည့်လည်ခြင်း ဖြစ်သည့်အပြင်၊ ၁၈ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ် ထိပ်သီးခေါင်းဆောင်၏ ပထမအကြိမ် ကမ္ဘောဒီးယား ခရီးစဉ် ဖြစ်ကြောင်းလည်း ဆင်ဟွာ သတင်းဌာနနှင့် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယား ခရီးစဉ် အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘုရင် စီဟာမိုနီနှင့် တွေ့ဆုံ နှုတ်ဆက်ပြီး ဝန်ကြီးချုပ်ဟုန်စိန်နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရ သည်။

ဝန်ကြီးချုပ် ဟုန်စိန်က ယခုအကြိမ် ခရီးစဉ်သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွား စသည့် နယ်ပယ်များမှ နှစ်နိုင်ငံ၏ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့် တိုးဇောက်ချပြုလုပ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကောင်စီ ဥက္ကဋ္ဌဟောင်း၊ ကမ္ဘောဒီးယား- တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ အိုင်စင်ဗိုက ကမ္ဘောဒီးယား အနေနှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ခရီးလှည့်လည်ခြင်း အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ မိမိတို့သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် လာရောက်ခရီးလှည့်လည်ရန် စောင့်မျှော်နေကြကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယား မဟာဗျူဟာ သုတေသနဌာန ဌာနမှူး ဖန်ကွန်က ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကမ္ဘောဒီးယားတွင် ခရီးလှည့်လည်မည် ဖြစ်ခြင်းသည် တရုတ်ပြည်၏ နိုင်ငံခြားရေးတွင် ကမ္ဘောဒီးယား၏ အရေးကြီးပုံကို ဖော်ပြကြောင်း ပြောကြားသည်။