နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှု နိုင်ငံတကာမိသားစု ပူးပေါင်းရင်ဆိုင်သင့်ဟု တရုတ်ဆို

2016-10-12 16:13:21 |သတင်းအရင်းအမြစ် 国际在线

၁၀ရက်နေ့က နယူးယောက်မြို့ကုလသမဂ္ဂဌါနချုပ်ရုံးတွင် ကျင်းပသော ၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပထမကော်မတီ ယေဘုယျ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်နေသော တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါန လက်နက်ထိန်းချုပ်ရေးဦးစီးဌါနညွှန်ကြားရေးမှူးချုပ် ဝမ်းချွန်က နိုင်ငံတကာမိသားစုကြီးသည် လက်ရှိအချိန်တွင် နိုင်ငံတကာလုံခြုံရေးနယ်ပယ်မှ စိန်ခေါ်မှုများကို ထိရောက်စွာရင်ဆိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။