"အလင်းရောင်ခရီးစဉ်" လှုပ်ရှားမှု တရုတ် ဆေးကုအဖွဲ့ ထပ်မံ စတင်ပြုလုပ်

2016-10-13 09:18:09 |သတင်းအရင်းအမြစ် 国际在线

တရုတ်ပြည် ယူနန်ပြည်နယ် ဆေးဝါးကုသရေးအဖွဲ့သည် ၁၀ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် "အလင်းရောင်ခရီးစဉ်" လှုပ်ရှားမှုကို ထပ်မံ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ်ရောဂါသည် ၂၀၀ အတွက် အခမဲ့ ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ထားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၁၀ရက်နေ့ နံနက်ပိုင်းက ဆေးဝါးကုသရေး အဖွဲ့သည် ရန်ကုန် မျက်စိဆေးရုံသို့ သွားရောက်ပြီး ဝေဒနာရှင်များကို ကုသမှုပေးခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ဝေဒနာရှင် ၅၁ဦး အတွက် ခွဲစိတ်ကုသမှုများကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ဆေးဝါးကုသရေး အဖွဲ့က ဖော်ပြသည်။

၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဆေးရုံ၂ရုံမှ ဝေဒနာရှင် ၂၀၀အတွက် အခမဲ့ ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။