ဖိလစ်ပိုင်နှင့်အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် ဆန္ဒရှိဟုတရ

2016-10-13 09:30:47 |သတင်းအရင်းအမြစ် 国际在线

ဖိလစ်ပိုင်သမ္မတ ဒူတာတယ်သည်၊ မကြာမီတွင် တရုတ်ပြည်တွင်ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ၄င်းနှင့်အတူ တရုတ်ပြည်တွင် ခရီးလှည့်လည်တော့မည့် ဖိလစ်ပိုင် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည်၊ တရုတ်-ဖိလစ်ပိုင် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတစ်ဆင့်တက်ပြုလုပ်ရေးနှင့် ပတ်သက်၍တရုတ် သက်ဆိုင်ရာများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရသိရသည်။
   ၁၁ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌  ပြောရေးဆိုခွင့်ရှိသူ ကိန်ရွှမ်က၊ တရုတ်ပြည် အနေနှင့်၊ ဖိလစ်ပိုင်နှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တက်ကြွသော ဆန္ဒရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြ သည်။