ရှီကျင့်ဖိန်၏ ဆောင်းပါး အပေါ် ကမ္ဘောဒီးယား အလွှာပေါင်းစုံမှ လှိုက်လဲစွာ တုံ့ပြန်

2016-10-17 10:47:29 |သတင်းအရင်းအမြစ် 国际在线

ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ စီဟာမိုနီ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ ကမ္ဘောဒီးယားတွင် တရားဝင် ခရီးလှည့် လည်မည် ဖြစ်ကြောင်း၊ ခရီးမထွက်မီက ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား နိုင်ငံ "Rasmei  Kampuchea"သတင်းစာတွင် "စိတ်ရင်းစေတနာကောင်း အပြန်အလှန် ထားရှိသော အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေ အစစ်အမှန်ဖြစ်"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်ပါး တစ်ပုဒ် ရေးသားဖော်ပြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဆောင်းပါး အပေါ် ကမ္ဘောဒီးယား အလွှာပေါင်းစုံတို့သည် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ပြီး လှိုက်လှဲစွာ တုံ့ပြန်ခဲ့ကြသည်။ ကမ္ဘောဒီးယား ပုဂ္ဂိုလ်များက ၄င်းဆောင်း ပါးတွင် ကမ္ဘောဒီးယားကို တရုတ်ပြည်၏ မိတ်ဆွေ အစစ်အမှန် အဖြစ် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ သဘောထားခြင်း ဖော်ပြကြောင်း၊ အနာဂတ်တွင် ပိုမိုနွေးထွေးသော ကမ္ဘောဒီးယား-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အပေါ် ကမ္ဘောဒီးယား ပြည်သူများ ယုံကြည်မှု အပြည့်အဝ ရှိကြောင်းလည်း ပြောကြားသည်ဟု သိရသည်။