တရုတ်ပြည် ဖိလစ်ပိုင်သမ္မတ ဒူတာတယ်ခရီးလှည့်လည်မည်

2016-10-17 11:37:38 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ၊ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည်၊ အောက်တိုဘာ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည် တွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း စီအာအိုင်ကဖော်ပြသည်။   

ယင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကိန်ရွှန်က၊ သမ္မတ ဒူတာတယ်၏ ယခုအကြိမ် တရုတ်ခရီးစဉ်ဖြင့်၊ ၂ နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန်ယုံကြည့်မှုတိုးပွားစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုနက်ရှိုင်းစေရန်နှင့် အစဉ်အလာချစ်ကြည်ရေး ဆက်လက်ထိန်းထားရန်    တရုတ်ဖက် မျှော်လင့်ကြောင်း ယမန်နေ့ ၁၂ ရက်နေ့က ပီကင်းတွင် ထုတ်ဖော်ပြောကြားခဲ့ သည်ဟု စီအာအိုင် သတင်းအရသိရသည်။