ကူတယ်ရက်စ်အား အတွင်းရေးမှူးချုပ်သစ်အဖြစ် ကုလ တရားဝင် ခန့်အပ်

2016-10-17 11:41:19 |သတင်းအရင်းအမြစ် 国际在线

၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၁၃ရက်နေ့က လက်ခုတ်တီးခြင်းဖြင့် ဆုံးဖြတ်ချက်ကို အတည်ပြုပြဌာန်းခဲ့ရာ၊ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ အဆင့်မြင့် အထူးအရာရှိဟောင်း အန်တိုနီအို ကူတယ်ရက်စ်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် အဖြစ် တရားဝင် ခန့်အပ်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။