တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဖှန်ချန်လွန်းသည် ၁၃ရက်နေ့က ပီကင်းမြို့တွင် အလည်အပတ်ရောက်ရှိလာသော ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီး Tea Banhနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဖှန်ချန်လွန်းက တရုတ်၊ ကမ္ဘောဒီးယားတို့သည် သာအတူနာအတူ မိတ်ဆွေများဖြစ် ကြကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ကမ္ဘောဒီးယားတပ်မတော်နှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို အဆက်မပြတ် နက်ရှိုင်းစေလိုကြောင်း၊ ပြောကြားပါသည်။
Tea Banhက ကမ္ဘောဒီးယားစီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နိုင်ငံမှ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်ဖက်အကြား ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ပြီး နှစ်နိုင်ငံ တပ်မတော် ဆက်ဆံရေး ဖွံ့ဖြိုးမှုသစ် ရရှိဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ ပြောကြားခဲ့ပါသည်။