တတိယ အကြိမ် ကမ္ဘာ့ အင်တာနက် ညီလာခံ တရုတ်ပြည်တွင် ကျင်းပမည်

2016-10-17 14:54:50 |သတင်းအရင်းအမြစ် 国际在线

တတိယအကြိမ် ကမ္ဘာ့ အင်တာနက် ညီလာခံကို နိုဝင်ဘာတွင် တရုတ်ပြည်ကျက် ကျန်းပြည်နယ် အူကျင့်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၁၂ရက်နေ့ နံနက်ပိုင်းက ယခုအကြိမ် ညီလာခံနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

၎င်းသတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော် ဝက်ဘ်ဆိုက် သတင်းအချက် အလက်ရေးရာရုံး ဒုဥက္ကဋ္ဌ ရိမ်ရှမ်လျန်က ယခုအကြိမ် ညီလာခံသည် အင်တာနက် ဆန်းသစ်တီထွင်မှု အားသစ်လောင်းပေးပြီး နိုင်ငံ အသီးသီးမှ ပြည်သူများကို အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးစီးပွားများ အတူမျှဝေခံစားစေရေး အပေါ် အလေးထားကြောင်း ပြောကြားသည်။

ယခုအကြိမ် ညီလာခံ၏ ဆောင်ပုဒ်မှာ "ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးပြီး လူသား အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးရေး- အင်တာနက် ကံကြမ္မာ အသိုက်အဝန်း လက်တွဲ တည်ဆောက်ရေး" ဟူ၍ ဖြစ်ကြောင်း သိရသည်။