ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော လယ်ယာစိုက်ပျိုးရေး တိုးတက်စေရန် ကုလ ပန်ကြား

2016-10-17 14:58:46 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့က ရာသီဥတုပြောင်းလဲမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမှုကို ရင်ဆိုင်ပြီး နိုင်ငံတကာ မိသားစုကြီး ချမှတ်ခဲ့သော ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရေး အတွက် နိုင်ငံ အသီးသီး အနေနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော လယ်ယာစိုက်ပျိုးရေး တိုးတက် နိုင်အောင် လက်တွဲ ကြိုးပမ်းကြရန် ၁၄ရက်နေ့က ပန်ကြားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။