တရုတ်သမ္မတ ရှီကျင့်ဖိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာ

2016-10-17 15:11:51 |သတင်းအရင်းအမြစ် 新华网

ဒါကာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာ ၁၄ရက်တွင် နိုင်ငံတော် ခရီးစဉ် အဖြစ်ရောက်ရှိလာပြီး ယခု ခရီးစဉ်သည် တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်၃၀အတွင်း ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  ရှီ၏ အာရှသုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယမြောက် ခြေလှမ်းဖြစ်ပြီး ရှီသည် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ပြီးပါက BRICS ထိပ်သီးအစည်းအဝေး ပွဲတက်ရောက်ရန် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ် သို့ဆက်လက်သွားရောက်မည်ဖြစ်သည်။ (Xinhua)