ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၅ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

2016-10-17 15:22:07 |သတင်းအရင်းအမြစ် 新华网











ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ ပွဲတော်ကာလ ဖြစ်သည့် သီတင်းကျွတ် ရာသီ အချိန်ကာလတွင် ရန်ကုန်မြို့ ၌ ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက် အထိ ၅ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ရန်ကုန်မြို့ ၌ နှစ်စဉ် ကျင်းပပြုလုပ်သည့် အစည်ကားဆုံး သော မီးထွန်းပွဲတော် တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် မီးထွန်းပွဲတော် နှင့် ဈေးရောင်းပွဲ ကို ပုဇွန်တောင်မြို့ နယ် အပါအ၀င် မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ကျီတော်ရပ်ကွက် နှင့် ဗိုလ်တထောင်မြို့နယ်များပါ ပါဝင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလ အတွင်း ပျော်ပွဲရွှင်ပွဲများ အဖြစ် တေးသရုပ်ဖော်များ ၊ တီးဝိုင်းဖျော်ဖြေမှုများနှင့် အငြိမ့်အဖွဲ့တို့မှ ပွဲတော်လာ ပြည်သူများအား ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)