စစ်ကိုင်းတိုင်း ၊ ကနီမြို့ အနီး ရေယာဉ် တိမ်းမှောက်ခဲ့ရာ သေဆုံးသူများရှိ

2016-10-17 15:44:08 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကနီမြို့ အနီး၌ ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာသော အောင်စိုးမိုးကျော် ရေယာဉ် သည် ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့် တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ နေ့ လည် ၂ နာရီ အချိန်ထိ သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူထားကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သတင်း ရရှိသည်။

ထိုရေယာဉ်ပေါ်တွင် ခရီးသည် ခန့် မှန်း ၃၀၀ ဦးခန့် ပါဝင်ခဲ့ပြီး ယနေ့ နေ့ လည် ၂ နာရီ အချိန်ထိ ခရီးသည် ၁၅၃ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ကနီမြို့ နယ် ၊ မင်းကင်း မြို့ နယ် နှင့် ဘုတလင် မြို့ နယ် မီးသတ်စခန်းများမှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ ဝင်များမှ ကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)