အမြန်လမ်းပေါ်၌ ခရီးသည် တင်ယာဉ် ၂ စင်း တိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက် ၁ ဦး

2016-10-17 15:47:49 |သတင်းအရင်းအမြစ် 新华网

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၆၂/၃-၄)အကြားတွင် ယနေ့ နံနက်ပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် ၂ စင်း တိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက် ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူမှာ သံဃာ ၁ ပါး အပါအ၀င် စုစုပေါင်း ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေး နှင့် ကြီးကြပ်ရေး အဖွဲ့ ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော မိုးကောင်းကင် Express ယာဉ်မှာ ၄င်းယာဉ်၏ ရှေ့မှ မောင်းနှင်လာသော အကယ်ဒမီ Express မော်တော်ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ နောက်ပိုင်းအားတိုက်မိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေး နှင့် ကြီးကြပ်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ထိုခရီးသည်တင်ယာဉ် တိုက်မှု ဖြစ်စဉ်ကြောင့် မိုးကောင်းကင် Express ယာဉ်ပေါ်တွင် စုစုပေါင်း (၄၉)ဦးအနက် ကျား(၁)ဦးသေဆုံးပြီး သံဃာ(၁)ပါး၊ ကျား(၅)ဦး၊ မ(၄)ဦးတို့ ဒဏ်ရာရရှိခဲ့သည့်အပြင် အကယ်ဒမီ Express ယာဉ်ပေါ်ပါ (၄၅)ဦးအနက် ကျား ၂ ဦး၊ မ ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)