ငြိမ်းချမ်းမှု ထိန်းသိမ်းရေးသည် အဓိက အကျဆုံး တာဝန်ဖြစ်ဟု ကုလ အတွင်းရေးမှူးချုပ်သစ

2016-10-17 15:50:12 |သတင်းအရင်းအမြစ် 国际在线

အရွေးခံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီအို ဂူတယ်ရက်စ်က ဒေသ စံတော်ချိန် ၁၃ရက်နေ့က ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးသည် မိမိ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ပြီး ဆောင်ရွက်မည့် အဓိက အကျဆုံး တာဝန်လုပ်ငန်းဖြစ်ကြောင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပြဿနာ ဖြေရှင်းပေးရေး အတွက် မိမိ အနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် အတူ နွေးထွေးသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။