အဌမအကြိမ်မြောက် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အိန္ဒိယ တောင်ပိုင်း ဂိုအာပြည်နယ်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ယခုအကြိမ် အစည်းအဝေးနှင့် ပတ်သက်၍ အိန္ဒိယ Jawaharlal Nehru တက္ကသိုလ် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ ပါမောက္ခ ဗာရာပရာဆတ်က ရှင်သန်မှု ရှိသော တရုတ်-အိန္ဒိယ ဆက်ဆံမှုသည် BRICS အပါအဝင် ကမ္ဘာ့ စီးပွားရေးကို အကျိုး သက်ရောက်စေမည် ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်အား ပြောကြားသည်။