ရှီကျင့်ဖိန်၏ ဆောင်းပါး ဘင်္ဂလားဒေ့ရှ် လှိုက်လှဲစွာ တုံ့ပြန်

2016-10-17 15:53:43 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၄ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Daily Starနှင့် Daily Ittefaq သတင်းစာများတွင် "တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက် ရေးတွင် အောင်သီးအောင်နှံများ ရရှိစေရန်"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းနှင့် လက်တွေ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး နယ်ပယ် အသီးသီးမှ နှစ်နိုင်ငံ၏ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တွန်းအာေးပးရန် ခံယူချက် ၄ချက်ကိုလည်း တင်ပြခဲ့ကြောင်း ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် အလွှာပေါင်းစုံသည် ၄င်းဆောင်းပါး အပေါ် လှိုက်လှဲစွာ တုံ့ပြန်ရာ ၄င်းဆောင်းပါးသည် ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ညွှန်းပြပေးခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွင် အောင်သီးအောင်နှံများ ရရှိရန် မျှော်လင့်ကြောင်း ဖော်ပြကြသည်ဟု ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။