BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ရှီကျင့်ဖိန် တက်ရောက်

2016-10-17 15:58:33 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အဌမအကြိမ်မြောက် BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ဒေသစံတော်ချိန် ၁၅ရက်နေ့ နေ့လယ်ပိုင်းက အိန္ဒိယ နိုင်ငံ ဂိုအာသို့ ရောက်ရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ ထိရောက်မှု၊ သက်ညှာထောက်ထားမှု ရှိသော ဘုံဖြေရှင်းရေး နည်းလမ်း ရှာကြံရန် ဟူ၍ ဖြစ်ကြောင်း၊ အစည်းအဝေး ကျင်းပစဉ် အတွင်း BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် BRICS နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အခြား အတူ အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။