ရှီကျင့်ဖိန်နှင့် မိုဒီ တွေ့ဆုံနှုတ်ဆက်

2016-10-17 16:00:44 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၅ရက်နေ့က အိန္ဒိယ နိုင်ငံ ဂိုအာတွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-အိန္ဒိယ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် အားတက်ဖွယ်ရာကောင်းကြောင်း၊ ရှင်သန်တည်ငြိမ်သော တရုတ်- အိန္ဒိယ ဆက်ဆံမှုသည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးရှိသည့် အပြင်၊ ကမ္ဘာ စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ စနစ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တရားနည်းလမ်းကျသော အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ရေး အတွက်လည်း အကျိုးရှိကြောင်း၊ နှစ်နိုင်ငံ တို့သည် တရုတ်-အိန္ဒိယ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု၏ အတွင်းသဘောကို အဆက်မပြတ် တိုးပွားစေပြီး နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားများကို ရှေ့ရှုကာ တရုတ်-အိန္ဒိယ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်၍ အဆင့်မြင့် ဆက်ဆံမှုနှင့် ဆွေးနွေးခြင်းကိုရော၊ ကူးလူးဖလှယ်မှု အဆင့်ဆင့်ကိုပါ ထိန်းထားပြီး သဘောတူညီမှုကို တိုးချဲ့ကာ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ရန် လိုကြောင်း ပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည် အနေနှင့် အိန္ဒိယနှင့် အတူ အဌမအကြိမ်မြောက် BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိရန် တွန်းအားပေးပြီး ကောင်းမွန်သော ယုံကြည်မှု၊ စည်းလုံးညီညွတ် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အချက်များပြကာ လက်တွေ့ကျသော ပူးပေါင်းဆောင် ရွက်မှု ဇောက်ချပြုလုပ်၍ အရေးကြီးသည့် နိုင်ငံတကာ အရေးကိစ္စများတွင် ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ အားဖြည့်ပြုလုပ်ပြီး ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန် အတွက် လက်တွဲကြိုးပမ်းလိုကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယနှင့် တရုတ်အကြား အဆင့်မြင့် ကူးလူးဖလှယ်မှုနှင့် မဟာ ဗျူဟာဆက်ဆံမှုများ ထိန်းထားခြင်းသည် နှစ်နိုင်ငံ အကြား အပြန်အလှန် သိရှိနားလည်မှု တိုးပွားစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ခြင်း အတွက် အကျိုးရှိပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာရေး ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်းလည်း ပြောကြားသည်။

ထို့အပြင်၊ ၁၅ရက်နေ့က ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂိုအာတွင် ရုရှား သမ္မတ ပူတင်၊ တောင်အာဖရိက သမ္မတ ဇူမာနှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်း အရသိရသည်။