BRICS နိုင်ငံ စီးပွားကုန်သွယ်ရေး ဝန်ကြီးများ သဘောတူညီမှု များစွာ ရရှိ

2016-10-17 16:04:02 |သတင်းအရင်းအမြစ် 国际在线

 တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ ရေးရာ ဦးစီးဌာန ညွှန်ချုပ် ကျန်းရှောက်ကန်းက BRICS နိုင်ငံ စီးပွားကုန်သွယ်ရေး ဝန်ကြီးများသည် အဌမ အကြိမ်မြောက် BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အတွက် ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ဂျီ20 ဟန်ကျိုး ထိပ်သီး အစည်းအဝေးတွင် ရရှိခဲ့သော အောင်မြင်မှုများကို ဆက်လက် လက်တွေ့ဖော်ဆောင်ပြီး WTOနှင့် ဂျီ20 အပါအဝင် ဘက်ပေါင်းစုံ စနစ်များတွင် BRICS နိုင်ငံများ အကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်ကာ ဘက်ပေါင်းစုံ ပါဝင်ကြသော ကုန်သွယ်ရေးစနစ်ကို ပြတ်သားစွာ ထောက်ခံ၍ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို ဆန့်ကျင်ပြီး ကောင်းမွန်သော နိုင်ငံတကာ စီးပွားကုန်သွယ်ရေး အခြေ အနေကို လက်တွဲ ထိန်းသိမ်းကာကွယ်ရန် ဘက်အသီးသီးတို့က သဘောတူကြကြောင်း ၁၅ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။