ကွမ်ကျိုး ကုန်စည်ပြပွဲ ဖွင့်လှစ်

2016-10-17 16:11:20 |သတင်းအရင်းအမြစ် 国际在线

 အကြိမ် ၁၂၀မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို ၁၅ရက်နေ့က ကွမ်ကျိုးတွင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ကွမ်ကျိုး ကုန်စည်ပြပွဲ၊ တစ်နည်းအားဖြည့်ပြောရလျှင် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ၁၉၅၇ခုနှစ်က စတင်ပြီး နှစ်စဉ် ၂ကြိမ် ကျင်းပလေ့ရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၆၀အတွင်း ကွမ်ကျိုးကုန်စည်ပြပွဲတွင် ပါဝင်သူ လုပ်ငန်းရှင် စုစုပေါင်း ဦးရေမှာ ၇သန်း၆သိန်းကျော် ရှိပြီး ပို့ကုန် စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀၀ရှိကာ ကမ္ဘာပေါ်က အတိုင်းအတာနှင့် သြဇာသက်ရောက်မှု အကြီးဆုံးသော အထွေထွေ ကုန်စည်ပြပွဲများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။