ရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်

2016-10-18 16:07:48 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ ကိုကာ၌ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ယခုနှစ်များက မြန်မာနိုင်ငံသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက် လာကြောင်း၊ မြန်မာပြည်သူများသည် ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်းအတိုင်း ဆက်လက် မှန်မှန် တိုးတက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ထူထောင်ရေး ဆိုင်ရာ အောင်မြင်မှုများကို အဆက်မပြတ် ရရှိမည်ဟု မိမိ ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲကြိုးပမ်းပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံကို တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ ဒေါ်အောင်ဆန်းစုကြည်၏ သြဂုတ်လ တရုတ်ပြည် ခရီးစဉ်တွင် နှစ်နိုင်ငံတို့သည် ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့်ပတ်သက်ပြီး အရေးကြီး သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ နှစ်ဖက်တို့သည် သက်ဆိုင်ရာသဘောတူညီမှုများကို အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ပြီး မဟာဗျူဟာ ကူးလူးဖလှယ်မှုကို တိုးမြှင့်ကာ အဆင့်မြင့် ခေါင်းဆောင်များ ကူးလူးဖလှယ်မှုအရှိန်ကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို အရေးအကြီးဆုံး အိမ်နီးချင်းနိုင်ငံအဖြစ် သဘောထားကြောင်း၊ နှစ်ဖက်အကြား ရင်းနှီးသော အဆင့်မြင့် ကူးလူးဖလှယ်မှု ထိန်းသိမ်းရေးမှာ လွန်စွာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုး တွန်းအားပေးလိုကြောင်း၊ ယင်းသည် နှစ်နိုင်ငံ၏ ရေရှည် အကျိုးစီးပွါးနှင့် ကိုက်ညီပါကြောင်း ပြောကြားသည်။