တရုတ်ရေတပ် သင်္ဘောစု ကမ္ဘောဒီးယားသို့ စတုတ္ထအကြိမ် ရောက်ရှိ

2016-10-18 16:09:14 |သတင်းအရင်းအမြစ် 国际在线

ဒေသစံတော်ချိန် ၁၆ရက်နေ့ နံနက်ပိုင်းက တရုတ် ရေတပ် ၂၃သုတ်မြောက် စောင့်ကြပ်သင်္ဘောစုမှ "ရွှမ်းထန်"သင်္ဘော ၊ "ဂျိုးဆန်း" နှင့် "ချောဟူး"သင်္ဘောများသည် ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားတွင် ၅ရက်ကြာ ချစ်ကြည်ရေးခရီး စတင်ခဲ့ကြောင်း၊ ယင်းသည် ယခုနှစ်များအတွင်း တရုတ် ရေတပ် သင်္ဘောစုများ ကမ္ဘောဒီးယားတွင် စတုတ္ထအကြိမ် ခရီးလှည့်လည်ခြင်းဖြစ်ကြောင်း၊ တရုတ် သတင်း ဌာနမှ သတင်းအရ သိရပါသည်။