BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ် ရင့်ကျက်လာ

2016-10-18 16:11:39 |သတင်းအရင်းအမြစ် 国际在线

အဌမအကြိမ်မြောက် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည် အိန္ဒိယ နိုင်ငံ ဂိုအာတွင် ကျင်းပလျှက်ရှိကြောင်း၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် ရုရှား ၅နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် "ထိရောက်မှု၊ သက်ညှာ ထောက်ထားမှု ရှိသော ဘုံဖြေရှင်းရေး နည်းလမ်းကို ရှာကြံရန်" ဟူသော ဆောင်ပုဒ်၊ BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၊ အခြား အတူ အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ပြဿာနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ပြီး ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း China.com.cnက ဖော်ပြသည်။

၎င်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က လွန်ခဲ့သော ၁၀နှစ်အတွင်း BRICSနိုင်ငံများသည် လက်တွေ့ကျကျ ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဇောက်ချပြုလုပ်ခဲ့ကြကြောင်း၊ BRICSသည် ကြီးမားသည့် သြဇာသက်ရောက်မှု ရှိသော နိုင်ငံတကာ စနစ် ဖြစ်လာပြီး အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြောကြားသည်။