ရှီကျင့်ဖိန်သည်၊ သီရိလင်္ကာသမ္မတနှင့် တွေ့ဆုံနှုတ်ဆက်

2016-10-18 16:15:35 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယမန်နေ့၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ ဂိုအာ၌ သီရိလင်္ကာသမ္မတ စီရီစယ်နာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်း အရသိရ သည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ လက်ရှိတရုတ်-သီရီလင်္ကာ ဆက်ဆံမှုမှာ ရှင်သန်စွာ တိုးတက်လျက်ရှိကြောင်း၊ ၂၀၁၇ခုနှစ်သည်၊ တရုတ်-သီရိလင်္ကာ သံတမန် ဆက်ဆံမှုထားရှိခဲ့သည့် ၆၀ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့ အနေနှင့်၊ အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မြဲစေပြီး၊ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေကာ၊ တရုတ်-သီရိလင်္ကာချစ်ကြည်ရေး အဆင့်သစ်သို့ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သမ္မတစီရီစယ်နာက သီရိလင်္ကာ-တရုတ်ဆက်ဆံမှုမှာ သမိုင်းရှည်ကြာပြီး၊ လက်ရှိ အခြေအနေသစ်တွင် ပိုမိုအားကောင်းစွာ တိုးတက်နေကြောင်း၊ သီရိလင်္ကာအနေနှင့်၊ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို စွဲကိုင်မည်ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ဒေသ ရေးရာကိစ္စရပ်များတွင် တရုတ်နှင့်နွေးထွေးစွာ ကူးလူးဆက်ဆံလိုကြောင်း ပြောကြားခဲ့ သည်။