BRICS နိုင်ငံထိပ်သီးခေါင်းဆောင်များနှင့် ဘင်္ဂလားအော်နယ်ပယ်မှ စီးပွားရေး နည်းပညာ ပ

2016-10-18 16:19:22 |သတင်းအရင်းအမြစ် 国际在线

BRICS နိုင်ငံထိပ်သီးခေါင်းဆောင်များနှင့် ဘင်္ဂလားအော်နယ်ပယ်များစီးပွားရေး နည်းပညာပူးပေါင်းဆောင်ရွက်မှုကမ်းလှမ်းချက်အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များဆွေးနွေးပွဲကို ယမန်နေ့ ၁၆ ရက်နေ့က အိန္ဒိယနိုင်င ဂိုအာ၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရ သည်။

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ တောင်အာဖရိက သမ္မတ ဇူမာ၊ ဘရာဇီးသမ္မတ တယ်မယ်လ်၊ ရုရှားသမ္မတပူတင်၊ သီရိလင်္ကာသမ္မတ စီရီစယ်နာ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာစီနာ၊ဘူတန်ဝန်ကြီးချုပ်တိုကီ၊ နီပေါဝန်ကြီးချုပ် ပူရာချမ်ဒါ၊ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံအစိုးရ ကိုယ်စားလှယ်တို့သည်၊ ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။