ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

2016-10-18 16:22:16 |သတင်းအရင်းအမြစ် 国际在线

ပီကင်းစံတော်ချိန် ၁၇ ရက်နေ့ ၇ နာရီ ၄၉ မိနစ်တွင် ထျန်းကုန်း အမှတ်-၂ အာကာသယာဉ်နှင့် ချိတ်ဆက်ရန် တာယန် ထမ်းဆောင်မည့် ရှင်ကျိုး အမှတ်-၁၁ လူပါ အာကာသယာဉ်ကို တရုတ်ပြည် ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ အောင်မြင်စွာ လွှတ်တင်ပြီး သတ်မှတ် ကမ္ဘာပတ် လမ်းကြောင်းသို့ တိကျမှန်ကန်စွာ ဝင်ရောက်ကာ အာကာသယာဉ်မှူး နှစ်ယောက်ကို အာကာသသို့ ချောမောစွာ ပို့ဆောင်နိုင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အိန္ဒိယ၌ BRICS နိုင်ငံများ အဌမ အကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်နေသော တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် လျူယွင်ရှမ်းတို့သည် ပီကင်း၌ အာကာသယာဉ် လွှတ်တင်ရေး ဗီဒီယိုကို ကြည်ရှုကြောင်း သတင်းရရှိပါသည်။