တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၁၇ရက်နေ့က တရုတ် ဆင်းရဲမှုလျှော့ပေါ့ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေး တိုးတက်မှု စက္ကူဖြူ စာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ယင်းစက္ကူဖြူစာတမ်းတွင် တရုတ် လူ့အခွင့်အရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ဆင်းရဲမှုလျှော့ပေါ့ရေး တွန်းအားပေးခြင်း၊ ဆင်းရဲသူ၏ အသက်ရှင်နေထိုင်ခွင့်ကို အာမခံပေးခြင်း၊ သီးခြားလူအုပ်၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဆင်းရဲသောဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို ကောင်းမွန်စေခြင်း၊ ဆင်းရဲမှုလျှော့ပေါ့ရေး လုပ်ငန်းကို ပူးပေါင်းတွန်းအားပေးခြင်း နှင့် ဆင်းရဲမှုလျှော့ပေါ့ရေး သော့ချက်ကျသောအချိန်သို့ ရောက်ရှိခြင်း အပိုင်း၆ပိုင်း ပါဝင်ပါသည်။