မြန်မာရေယာဉ်နစ်မြုပ်မှုတွင် လူ ၂၈ ဦးထက်မနည်း သေဆုံး

2016-10-19 15:41:19 |သတင်းအရင်းအမြစ် 国际在线

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းစစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အနီး ရေယာဉ် နစ်မြုပ်မှုကြောင့်၊ ၁၇ ရက်နေ့အထိ လူ ၂၈ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်အဖွဲ့မှ အတည်ပြုဖော်ပြုချက်အရ ဆင်ဟွာသတင်းဖော်ပြသည်။

ယင်းရေယာဉ်သည်၊ ၁၅ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းဒေသမှ တောင်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာသို့ ခုတ်မောင်းနေစဉ်၊ မုံရွာနှင့် မကွာဝေးသော  ကနီမြို့နယ်အနီးတွင်နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။     

၁၇ရက်နေ့အထိ၊ ကယ်ဆယ်ရေးအဖွဲ့သည်၊ လူ ၁၅၅ ဦး၏ အသက်ကို ကယ်တင် နိုင်ခဲ့ပြီး၊ သေဆုံးသူ ၂၈ဦး၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့ကြောင်း၊ပျောက်ဆုံးသူ ဦးရေမသိရသေးကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ချက်အရသိရသည်။