ရှီကျင့်ဖိန်၏ အာရှ ၃နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဝမ်ယိ ပြောကြား

2016-10-19 15:44:33 |သတင်းအရင်းအမြစ် 国际在线

အောက်တိုဘာ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ပြီး အိန္ဒိယ နိုင်ငံ ဂိုအာတွင် ကျင်းပသော အဌမ အကြိမ်မြောက် BRICSနိုင်ငံများ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ ၄င်းခရီးစဉ် အပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုအကြိမ် ခရီးစဉ်နှင့်ပတ်သက်၍ မိတ်ဆက်ပေးခဲ့သည်။ ၄င်းက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် အောင်မြင်ကြောင်း ပြောကြားသည်။

ဝမ်ယိက ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖနွမ်းပင်နှင့် ဒါကာတွင် ကမ္ဘောဒီးယားနှင့် သိရိလင်္ကာ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို ချမှတ်ခဲ့ကြောင်း၊ ဂိုအားတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် BRICSနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် စိန်ခေါ်မှု ရင်ဆိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သည့် အနာဂတ်ရေး ဖန်တီးပေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ပြီးခဲ့သည့် ၄ရက်အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နှစ်ဖက်၊ သို့မဟုတ် ဘက်စုံ လှုပ်ရှားမှုများသို့ တက်ရောက်ပြီး နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကာ အရေးကြီး မိန့်ခွန်းများ ပြောကြား၍ ကြေညာချက်၊ ပူးတွဲကြေညာချက်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ၃-၄ဆယ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း ပြောကြားသည်။