တရုတ် ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်း အောင်မြင်မှု ရရှိဟု ကုလဆို

2016-10-19 15:46:11 |သတင်းအရင်းအမြစ် 国际在线

အောက်တိုဘာ ၁၇ရက်နေ့သည် တရုတ် အမျိုးသား ဆင်းရဲမှု ပပျောက်စေရေးနေ့ ဖြစ်သည်။ ထိုနေ့က ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့မှ အရာရှိ တစ်ဦးက မကြာမီ နှစ်များအတွင်း တရုတ်ပြည်၏ ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းတွင် ထင်ရှားသိသာသော အောင်မြင်မှုများ ရရှိခဲ့ခြင်း အပေါ် ချီးကျူးကြောင်း၊ ကမ္ဘာ့ ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်း အတွက် တရုတ်ပြည်၏ အကျိုးပြု စွမ်းဆောင်မှုကို အသိအမှတ်ပြုကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။