ဒူတာတယ်၏တရုတ်ခရီးစဉ်ဖြင့် တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာရန် မျှော်လင

2016-10-19 15:56:07 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းယဉ်က၊ သမ္မတ ဒူတာတယ်၏ တရုတ်ပြည်ခရီးစဉ်ဖြင့်၊ တရုတ်နှင့် ဖိလစ်ပိုင်အကြားနိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေရန်၊ သက်ဆိုင်ရာသဘောကွဲလွဲမှုကို ဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ၂ နိုင်ငံတို့၏ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်ထိန်းထားရန်နှင့် ၂ နိုင်ငံဆက်ဆံမှု ရှင်သန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် တရုတ် မျှော်လင့်ပါကြောင်း ၁၇ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။