ဖိလစ်ပိုင်သမ္မတ၏ တရုတ်ခရီးစဉ်စတင်

2016-10-20 11:01:54 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ၊ ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတယ်သည်၊ ၁၈ ရက်နေ့ညက ပီကင်းသို့ရောက်ရှိပြီး၊ တရုတ်ပြည်တွင် ၄ ရက်ကြာ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

သမ္မတဒူတာတယ်၏ တရုတ်ပြည်ခရီးစဉ်အတွင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး၊ ၂ ဖက်ဆက်ဆံမှုကောင်းမွန်စေရေး၊ နယ်ပယ် အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုနက်ရှိုင်းစေရေးနှင့် အတူတကွအာရုံစိုက်ကြသည့် နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။