မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းစစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် ရေယာဉ် နစ်မြုပ်မှုကြောင့်၊ လက်ရှိအချိန်အထိ၊ လူ ၃၉ ဦးသေဆုံးပြီး၊ ၈၀ ပျောက်ဆုံးကာ၊ ၁၅၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်အဖွဲ့က ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
ယင်းရေယာဉ်သည်၊၁၅ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းဒေသမှ တောင်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာသို့ ခုတ်မောင်းနေစဉ်၊ မုံရွာနှင့် မကွာဝေးသော ကနီမြို့နယ်အနီးတွင်နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။