ဆဋ္ဌမအကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို မာခ

2016-10-20 11:04:37 |သတင်းအရင်းအမြစ် 国际在线

၁၈ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် မာခိုင်သည် ဆဋ္ဌမ အကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ဥရောပသမဂ္ဂကော်မတီ ဒုဥက္ကဋ္ဌ ကာတိုင်နင်နှင့်အတူ ဦးစီးကျင်းပပြီး ဥရောပသမဂ္ဂ ကော်မတီဥက္ကဋ္ဌရုံကယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မာခိုင်က တရုတ်-ဥရောပ စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ကျင်းပပြီးသည့် ၉ နှစ်အတွင်း တရုတ်-ဥရောပ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ အကျိုးဆောင်ပေးခဲ့ကြောင်း ပြောကြားသည်။