မိုးခေါင်ရေရှားမှုခံနေသော ဆိုမာလီကို အကူအညီပေးရန် WFP အဖွဲ့အား တရုတ် ငွေလှူ

2016-10-20 11:06:30 |သတင်းအရင်းအမြစ် 国际在线

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းအဖွဲ့(WFP)က တရုတ်အစိုးရ လှူးဒါန်းသော အမေရိကန်ဒေါ်လာ ၂ သန်းကို မကြာမီရက်များက လက်ခံရရှိခဲ့ကြောင်း၊ ယင်းအလှူငွေကို မိုးခေါင်ရေရှားမှုခံနေသော ဆိုမာလီနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုကို ဆောင်ရွက်ရန် အသုံးပြုမည်ဖြစ်ကြောင်း ၁၈ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။