တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်နှင့်ဖိလစ်ပိုင်နှစ်နိုင်ငံတို့သည် နှစ်ဖက်ကမ်းတွင်တည်ရှိပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ခင်ရင်းနှီးစွာ ဆက်ဆံမှုသမိုင်းကြာမြင့်ကြောင်း၊ လွန်ခဲ့သည့်နှစ်များက နှစ်နိုင်ငံဆက်ဆံမှု နောက်ဆုတ်ခြင်းသည် ဖိလစ်ပိုင်ပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်သည့်အပြင် ဒေသတွင်းအခြေအနေတည်ငြိမ်မှုကိုလည်း ဂယက်ရိုက်ခတ်ခဲ့ကြောင်း၊ သမ္မတ Duterteတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တရုတ်ပြည်နှင့် ချစ်ကြည်ရေးပြန်လည် ထူထောင်ရန် ရွေးချယ်ခြင်းသည် ဖိလစ်ပိုင်ပြည်သူများ၏ဆန္ဒကို ဖော်ပြကြောင်း ၁၈ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။