ဖိလစ်ပိုင် သမ္မတ တရုတ်ပြည်၌ ခရီးလှည့်လည်

2016-10-20 11:15:08 |သတင်းအရင်းအမြစ် 国际在线

ဖိလစ်ပိုင် သမ္မတ ဒူတယ်တေသည် တရုတ်ပြည်၌ ခရီးလှည့်လည်ရန် ၁၈ ရက်နေ့ညက ပီကင်းသို့ ရောက်ရှိလာကြောင်း၊ ယင်းသည် ဒူတယ်တေ၏ ပထမဆုံးအကြိမ် တရုတ်ပြည် ခရီးစဉ် ဖြစ်သည့်အပြင် တရုတ်နိုင်ငံသည်လည်း ၄င်းက သမ္မတ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ခရီးလှည့်လည်သော ပထမဆုံးသော အာဆီယံ ဒေသတွင်း မဟုတ်သောနိုင်ငံ ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အစိုးရ အဆင့်မြင့် အရာရှိများနှင့် စီးပွါး ကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ် ၂၅၀ ဖွဲ့စည်းထားသော ကိုယ်စားလှယ်အဖွဲ့တို့လည်း လိုက်ပါလာကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် လေဆိပ်သို့ သွားရောက် ကြိုဆိုခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

သုံးရက်ကြာ ခရီးစဉ်အတွင်း တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒူတယ်တေနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျမ်းတေကျန်းတို့သည်လည်း ၄င်းနှင့် အသီးသီး တွေ့ဆုံမည် ဖြစ်ကြောင်း တရုတ်ပြည်ဘက်မှ ထုတ်ပြန်သော အစီအစဉ်အရ သိရပါသည်။