တရုတ်နိုင်ငံသမ္မတ နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ တို့ ပေကျင်းမြို့ ၌ တွေ့ ဆုံ

2016-10-24 09:17:50 |သတင်းအရင်းအမြစ် 新华网

ပေကျင်း ၊ အောက်တိုဘာ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်  တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအား ယနေ့ အောက်တိုဘာလ ၂ဝရက် နံနက်ပိုင်းတွင် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့ သည် တရားဝင်ဆွေးနွေးမှုများ နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ သို့ အသိသက်သေများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် အောက်တိုဘာလ ၁၈ ရက် မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်လည်ပတ်လျက်ရှိသည်။ ၄င်းခရီးစဉ်သည်  သမ္မတဒူတာတေးအတွက် အာဆီယံအဖွဲ့ ဝင်နိုင်ငံများပြင်ပ နိုင်ငံတစ်နိုင်ငံသို့ ပထမဆုံး သွားရောက်လည်ပတ်သော နိုင်ငံ ဖြစ်ကြောင်း သိရသည်။ (Xinhua)