တရုတ်-ဖိလစ်ပိုင်ပိုမိုရင်းနှီးသောဆက်ဆံမှုထားရှိရန်ကို ကန်ကြိုဆို

2016-10-24 10:53:45 |သတင်းအရင်းအမြစ် 国际在线

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌါနပြောရေးဆိုခွင့်ရှိသူ ကေဘီက အမေရိကန်သည် တရုတ်နှင့်ဖိလစ်ပိုင်နှစ်နိုင်ငံအကြား ပိုမိုချစ်ခင်ရင်းနှီးသော ဆက်ဆံမှု ထားရှိရန်ကိုကြိုဆိုကြောင်း၊ နှစ်နိုင်ငံတို့သည် ဆွေးနွေးပွဲအားဖြင့် တောင်ပင်လယ်ပြဿနာကို ဖြေရှင်းရန် ထောက်ခံကြောင်း ၂၀ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။