လီခေ့ချန်သည် ဖိလစ်ပိုင် သမ္မတ ဒူတယ်တေနှင့် တွေ့ဆုံ

2016-10-24 10:56:12 |သတင်းအရင်းအမြစ် 国际在线

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၀ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ဖိလစ်ပိုင် သမ္မတ ဒူတယ်တေနှင့် တွေ့ဆုံဆွေးနေးပွဲ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် ဆက်ဆံမှုကို အလေးထားကြောင်း၊ ဖိလစ်ပိုင်နှင့် လက်တွဲ ကြိုးပမ်း၍ နှစ်ဖက်အကြား နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နှစ်ဖက် ဆက်ဆံမှု ပြန်လည် ပုံမှန် တိုးတက်စေရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ဒူတယ်တေက၊ ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရေး အခြေခံ ခိုင်မာကြောင်း၊ ဖိလစ်ပိုင်သည် လွတ်လပ်ပြီး ကိုယ်တိုင် ဆုံးဖြတ်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု ပပျောက်စေရေးဆိုင်ရာ အတွေ့အကြုံများကို အတုယူလိုပါကြောင်း ပြောကြားသည်။