ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပ

2016-10-24 11:03:18 |သတင်းအရင်းအမြစ် 国际在线

ပထမ အကြိမ် နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် အဌမ အကြိမ်မြောက် တရုတ်ပြည် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ၂၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။ ယခုအကြိမ် ဆွေးနွေးပွဲ၏ ဆောင်ပုဒ်သည် ကုန်ထုတ်စွမ်းအား ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး အပြန်အလှန် အကျိုးရှိစေခြင်း ဖြစ်သည်။ တရုတ် ဒု ဝန်ကြီးချုပ် ဝမ်းယန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အရေးကြီး အကျိုးပြုစွမ်းဆောင်သူလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်က တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅့ ၇ ဘီလီယံ ရှိပြီး ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်သည်။ ယခုနှစ် ပထမ ၉ လအတွင်း နိုင်ငံခြား၌ ငွေကြေးနယ်ပယ် မဟုတ်သော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄့ ၂ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၅၃့ ၇ ရာခိုင်နှုန်း တိုးများ လာသည်။

အစည်းအဝေးတွင် ဝမ်းယန်က၊ မျက်မှောက်ကာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းသည် ရွှေကာလသို့ ဝင်ရောက်ပြီ ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ ဒေါ်လာ ဘီလီယံ ၇၂၀ ကျော် ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်။