တရုတ်-ဖိလစ်ပိုင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျန်ကောလိနှင့်ဒူတာတယ် အတူ တ

2016-10-24 11:24:14 |သတင်းအရင်းအမြစ် 国际在线

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ကျန်းကောလိသည်၊ ယမန်နေ့ ၂၀ ရက်နေ့က တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်နေသော ဖိလစ်ပိုင်သမ္မတ ဒူတာတယ်နှင့်အတူ ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ကျင်းပ သည့် အခန်းကဏ္ဍသစ်၊ ရှင်သန်အားသစ်နှင့် ဖွံ့ဖြိုး ရေးသစ်ဆောင်ပုဒ်ဖြစ်သည့် တရုတ်-ဖိလစ်ပိုင်စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်ဟု ဆင်ဟွာသတင်းဌာနမှ သတင်းအရသိရသည်။

 ကျန်းကောလိက၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ အခန်းကဏ္ဍသစ် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့ရရှိခဲ့သော အရေးကြီး      သဘောတူညီချက် ကို လက်တွေ့ကျစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုကို မှန်ကန် သော ဦးတည်ချက်အတိုင်းချီတက်န် တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒူတာတယ်က၊ ဖိလစ်ပိုင်အနေနှင့်၊ တရုတ်နှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်း ဆောင်ရွက်ရေးဆက်ဆံမှုများကို နက်ရှိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။