တရုတ် တပ်နီ ခရီးရှည် ချီတက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ညီလာခံ ကျင်းပ

2016-10-24 11:30:15 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ်သည် တရုတ် တပ်နီ ခရီးရှည် ချီတက်ပွဲ နှစ် ၈၀ ပြည့် ဖြစ်ပြီး တရုတ်ပြည် ဒေသ အရပ်ရပ်တွင် ပြပွဲ၊ တင်ဆက်ပွဲ အပါအဝင် အထိမ်းအမှတ် အခမ်းအနား များကို ပြုလုပ်နေသည်။

တပ်နီ ခရီးရှည် ချီတက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ညီလာခံကို ၂၁ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ၊ တပ်နီမှ တပ်သားဟောင်းများ၊ လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တပ်ဖွဲ့၊ ရဲတပ်ဖွဲ့များမှ အမှုထမ်းများ စုစုပေါင်း လူ ၃၀၀၀ ကျော်တို့သည် ညီလာခံသို့ တက်ရောက်ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားပြီး၊ မွန်မြတ်သည့် ခရီးရှည် ချီတက်ပွဲ စိတ်ဓါတ်ကို ထွန်းကားစေရန်၊ ယနေ့ ခရီးရှည်ကို ကောင်းမွန်စွာ တက်လှမ်းသွားရန် အလေးအနက် ပြောကြားခဲ့သည်။