ကန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း လီခေ့ချန် တွေ့ဆုံနှုတ်ဆက်

2016-10-24 17:10:09 |သတင်းအရင်းအမြစ် 新华网

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၂၀ရက်နေ့ ညနေပိုင်းက အလည်အပတ် ရောက်ရှိလာသော အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဟန်ရီ ပေါစွန်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး အတွက် ပေါစွန်ရန်ပုံငွေ အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးကြောင်း၊ ရန်ပုံွေင အဖွဲ့ အနေနှင့် တရုတ်-အမေရိကန် ချစ်ကြည်ရေး ဆက်ဆံမှု ပေါင်းကူးတံတား အဖြစ် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်ပြီး တရုတ်- အမေရိကန် ဆက်ဆံမှု ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန် အတွက် မလျှော့သည့်ဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ပေါစွန်က ပေါစွန် ရန်ပုံငွေ အဖွဲ့ အနေနှင့် တရုတ်ပြည်နှင့် ကူးလူးဖလှယ်မှုနှင့် ပူပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး အမေရိကန်-တရုတ် ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။