တရုတ်နှင့် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံနှုတ်ဆက်

2016-10-24 17:11:16 |သတင်းအရင်းအမြစ် 国际在线

တရုတ် နိုင်ငံတော် ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ်သည် ၂၁ရက်နေ့က ပီကင်းတွင် သမ္မတ ဒူတာတယ်နှင့် လိုက်ပါလာသော ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင် လိုရင်ဇာနာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဝန်ကြီး ချမ်ဝမ့်ချွမ်က တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီသည့် အပြင်၊ ဒေသတွင်း အေးချမ်း တည်ငြိမ်ရေး အတွက်လည်း အကျိုးရှိကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အနေနှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ဒူတာတယ် ရရှိသော အရေးကြီး သဘောတူညီမှုများကို လေးနက်စွာ လက်တွေ့ဖော်ဆောင်ရန် တာဝန်ရှိကြောင်း၊ သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်ပြီး အပြန် အလှန်ယုံကြည်မှုကို တည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ နှစ်နိုင်ငံ ဆက်ဆံမှု အတွက် အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှု ပြုလုပ်ကြသင့် ကြောင်းလည်း ပြောကြားသည်။

ဝန်ကြီး လိုရင်ဇာနာက သမ္မတ ဒူတာတယ် ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်နှင့် ပိုမိုနွေးထွေးသော ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် နှစ်နိုင်ငံ ကာကွယ်ရေး ဆက်ဆံမှုကို ပြန်လည်ထားရှိပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ကြိုးပမ်းနေကြောင်း ပြောကြား သည်။