လာမည့်၅နှစ် တရုတ်-ဖိလစ်ပိုင် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ဘီလီယံ ၆၀ရှိမည်

2016-10-24 17:12:46 |သတင်းအရင်းအမြစ် 国际在线

 ၂၀ရက်နေ့က ကျင်းပခဲ့သော တရုတ်-ဖိလစ်ပိုင် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် တက်ရောက်သူများက အနာဂတ် နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အပေါ် အကောင်းဘက်မှ မြင်ကြောင်း၊ လာမည့်၅နှစ် အတွင်း တရုတ်-ဖိလစ်ပိုင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀အထိ တိုးလာနိုင်ဖွယ်ရာရှိပြီး ဖိလစ်ပိုင်တွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုလည်း တိုးပွားမည်ဟု ယူဆကြောင်း ပြောကြားသည်ဟု  စီအာအိုင် သတင်းအရ သိရသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၏ တရုတ်ပြည် ခရီးစဉ် အတွင်း တရုတ်နှင့် ဖိလစ်ပိုင် သည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ၁၃ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း သိရသည်။