တရားမ၀င် ဖွင့်လှစ်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာများ ဖော်ထုတ် အရေးယူမည်

2016-10-25 10:02:58 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၌ လိုင်စင်မဲ့ဖြင့် တရားမ၀င် ဖွင့်လှစ်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာ များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် မော်တော်ယာဉ် တင်သွင်းမှု လုပ်ငန်းကဏ္ဍကို အကောင်အထည် ဖော်နေသည့် သက်ဆိုင်ရာ ဌာနများအားလုံး ပူးပေါင်းကာ ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

လက်ရှိတွင် ယင်းကော်မတီက စစ်တမ်း ကောက်ယူနေပြီး ကြာမြင့်သည့် အချိန်ကို အတိအကျ မသတ်မှတ် ရသေးကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကောက်ယူသည့် စစ်တမ်းများကို 

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ အရေးယူနိုင်ရန် ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှု ထင်ရှားသည့် မော်တော်ယာဉ် အရောင်းစင်တာ များကို နောင်တွင် ထပ်မံမပြုလုပ် ကြစေရန် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)